ရွှေတောင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံဝန်းအတွင်းရှိ ဆေးထိုးစုရပ်နှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်နေရာများ၌ မပျက်မကွက်ထိုးနှံကြရန် ရပ်ကွက်/ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက အသံချဲ့စက်များ၊ Hand speaker များဖြင့် အသိပေးကြေညာခြင်းများ ဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်တို့က မြို့နယ်ပြည်သူ့ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာန၊ မြို့ပေါ် (ထက်/လယ်) ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်း အခြေအနေတို့အား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ အနီးကပ်လမ်းညွှန်မှုကို ခံယူ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအား တွန်းအားပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)