ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိုးရာသီအားကစား ပြိုင်ပွဲများကျင်းပ

ကော့သောင်း စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ခရိုင်၊ခမောက်ကြီးမြို့တွင် အထကခမောက်ကြီးကျောင်း၊  အားကစားကွင်း၌   မိုးရာသီဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ မိုးရာသီအားကစားပြိုင်ပွဲကို အထကခမောက်ကြီးကျောင်းမှ ကျောင်းအုပ်ဆရာကြီး ကြီးမှူးသော ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးဖြင့် စက်တင်ဘာ(၄) ရက်နေ့က ဖွင့်ပွဲပြုလုပ်ခဲ့ကြပြီး  ကျောင်းကောင်စီအသင်း အလိုက်တစ်ရက်လျှင် ပွဲစဉ်(၂)ခုဖြင့် ကျောင်းသား/သူများယှဉ်ပြိုင် ကစားလျက်ရှိသည်။

ထိုသို့ ကိုယ်လက်လှုပ်ရှားအားကစားများစုပေါင်း လုပ်ဆောင်စေခြင်းဖြင့် ကျောင်းသား/သူများ ကိုယ်ကာယကျန်းမာသန်စွမ်းစေခြင်း၊ အသင်း၊ အဖွဲ့စိတ်ဓာတ်၊အား ကစားစိတ်ရှိစေပြီး အတူတကွ စုပေါင်းလုပ်ဆောင်တတ်စေခြင်း အစရှိသည့်အကျိုးကျေးဇူးများရရှိစေပါ သည်။ ယင်းအပြင် ကျောင်းနေပျော်၍ စာတော်ရမည် ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ ကျောင်းနေပျော်စေရေးအတွက် ယခုကဲ့သို့ရာသီအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)