ဘိုကလေး စက်တင်ဘာ ၇
ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုဗီဇပြောင်း ဗိုင်းရပ်စ်များ ကူးစက်ခံရမှုမရှိစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာစေရေး အသိပညာပေး(Mask Campaign) ပြုလုပ်သည်။
အဆိုပါ အသိပညာပေးလှုပ်ရှားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့မဈေးကြီး ပတ်ဝန်းကျင်နှင့် ဧရာဝတီ သင်္ဘောဆိပ်အနီး၌ သွားလာလှုပ်ရှားကြသည့် ပြည်သူများအား နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာစေရန် နှာခေါင်းစည်း(Mask) များ အခမဲ့ပေးဝေ၍ ကိုဗစ်-၁၉ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး ဆိုင်ရာများအား အသိပညာပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)