ကျွန်းလှ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီး ခြောက်လပြည့်သူများအား ထပ်ဆောင်းကာကွယ်ဆေး Covaxin ထိုးနှံပေးကြောင်း၊ ဦးတည်အုပ်စုပါဝင်သည့် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဆရာဝန်ကြီးတို့က ကြီးကြပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ