သာပေါင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ မေရီကုန်း ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မေရီကုန်းတွင် လူကုန်ကူးတားဆီး ကာကွယ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ လူကုန်းကူးမှုဖြစ်ပွား ရခြင်း အကြောင်းအရင်းများ၊ ဖြစ်စဉ်များ၊ မိမိနေရပ် ပြန်လည်ရောက်ရှိလာပြီး ပြန်လည် ထူထောင်ရေးဦးစီးဌာနမှ နောက်ဆက်တွဲ စောင့်ရှောက်မှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ နှစ်သိပ့်ဆွေးနွေးပေးခြင်းများ၊ အုပ်ထိန်းသူမဲ့ ကလေးငယ်များကို သင်တန်းကျောင်းများတွင် ပြုစုစောင့်ရှောက်မှုများပေးခြင်း၊ ယာယီစောင့်ရှောက်မှုများ ပေးခြင်း၊ လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များ စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မေရီကုန်းမှ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ မူလတန်း ဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များက လူကုန်ကူးမှုဆိုင်ရာ ကဗျာရွတ်ဆိုခြင်းများ၊ သရုပ်ဖော်ပြ ဇာတ်တို့ဖြင့် ကပြဖျော်ဖြေကြရာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်