ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် နှစ်နှစ်‌အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်

ပိုင်ကျုံ  စက်တင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ၂၀၂၂-၂၀၂၃ခု၊  ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသော  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော   ကလေးငယ်များအား ထောက်ပံ့ငွေ  ပေး အပ်ခြင်းလုပ်ငန်းကို   ယမန်နေ့က  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မဲပရကျေးရွာအုပ်အတွင်းရှိတွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊မေ၊ဇွန်)လအတွက် MCCT အကျိုးခံစားခွင့်ရှိသောကိုယ်ဝန်ဆောင်မိခင် (၂၀)ဦး၊ကလေး(၁၁၆)ဦး စုစုပေါင်း(၁၃၆)ဦး အတွက်ထောက်ပံ့ငွေ(၁၃၃၈၃၅၀၀၀)ကျပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က ထောက်ပံ့ငွေရရှိသူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)