ရေတာရှည် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ဘိုးတော်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးဌာနနှင့် စားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးမှ စားသုံးသူ၏ တာဝန်နှင့် အခွင့်အရေးများအား အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိန်းမှု ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုယ်ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခဲ့ပြီး ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်မှုများအား ကျောင်းသူ၊ ကျောင်းသားများနှင့် အတူတကွ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)