ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများဒေသဖွံ့ဖြိုးရေး ထန်းကောက်ကျေးရွာအုပ်စုမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

ကံမ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး  သရက်ခရိုင်  ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက  ထန်းကောက်ကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက ဒေသဖွံ့ဖြိုးရေးကျန်းမာရေး၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးမည့်အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် မိမိတို့ရပ်ရွာလုံခြုံရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများအား အသီးသီးရှင်းလင်းဆွေး‌နွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ပြန်/ ဆက်)