သာယာဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

သာယာဝတီ စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပထမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို သာယာဝတီခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ထိုးနှံရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းက  အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစား နှစ်ကြိမ်ထိုးနှံပြီးထားသူများကို  ထပ်မံ၍ Covaxin ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစား နှစ်ကြိမ် ထိုးနှံပြီးထားသူများကိုမှု အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစားကို တတိယအကြိမ်အဖြစ် အသီးသီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ကာကွယ်ဆေး Booster (ထပ်ဆောင်ထိုးနှံမှု) လုပ်ငန်းများကို ဒုတိယကြိမ် ဆေးထိုးနှံပြီးသူ မြို့နေပြည်သူများကို ရပ်ကွက်အလိုက် အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)