ပုလောမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပုလော စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲ က အထက-ပေါင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အထက-ပေါင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီဝင်းက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြာရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူကုန်ကူးမှုဆိုသည်မှာ လူကုန်ကူးမှုပေါ်ပေါက်လာသည့် အကြောင်း အရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာ များနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဋိမေးခွန်းများ မေးမြန်း၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)