ပွင့်ဖြူ - ညောင်ပင်ရွာကျေးရွာလမ်းပေါ်ရှိ ရေကျော်ချောင်းအား သံကူကွန်ကရစ်တံတား တည်ဆောက်နေမှု ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး

ပွင့်ဖြူ  စက်တင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နှင့် ညောင်ပင်ကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းပေါ် ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ Main Budget ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား  အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာ နိုင်ရန်နှင့် ဒေသထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေ ရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နှင့် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ယခုနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ၂၀၁၉ - ၂၀၂၀ Main Budget ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၀ ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတားတစ်စင်းအား  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလဆန်း ပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ တံတား တည်ဆောက်ရေးလုပ်ငန်းလုပ်ငန်းမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ခင်မင်ချစ် ထံမှ သိရသည်။

ပွင့်ဖြူ - ညောင်ပင်ရွာကျေးရွာ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်းအား ဒေသခံ ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်နေမှု လုပ်ငန်းအား လုပ်ငန်း အရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ် မှုကော်မတီမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

ရဲဝင်းနိုင် ( ညောင်ဦး )