ညောင်တုန်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့အဝင်၊ အထွက် ကြိုဆိုပါ၏လမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကျော်မျိုးထက်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသာ မော်တော်ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး တရားမဝင် ကုန်စည်များ ဝင်ရောက်မှုမရှိစေရေးစစ်ဆေးခြင်းနှင့် မော်တော်ဆိုင်ကယ်စီးနင်းပါက ဦးထုပ်ဆောင်းရန် မေးသိုင်းကြိုးတပ်ဆင်ရန်၊ နှစ်ဦးထက်ပို၍ စီးနင်းမပြုရန်၊ ပြည်သူများ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)