ဒေးဒရဲ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် နယ်မြေစည်းရုံးရေး၊ လုံခြုံရေး၊ တရားဥပဒေစိုမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီက သောကြာကျေးရွာအုပ်စု၊ သောကြာကျေးရွာရှိ ပုပ္ပါရုံကျောင်းတိုက် ဓမ္မာရုံတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦး၊ မြိုနယ်ဌာနဆိုင်ရာများက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပြီးစီးရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများ၊ ကျောင်းနေအရွယ် ကလေးများအာလုံး ပညာသင်ယူနိုင်ရေးအတွက် မိဘပြည်သူများအားလုံး ပူပေါင်းပါဝင်နိုင်ရေး၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆)များ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ကျေးရွာပြည်သူများ တင်ပြလာသော ဒေသဖွံဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း