အိမ်မဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်း လုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး နေ့စဥ်ဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှု လုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆)များ တိကျမှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများကို e - ID စနစ်ဖြင့် Software အသုံးပြုကာ Database ထည့်သွင်းသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပြီး၊ ရက်ပေါင်း (၆၀)အတွင်း အိမ်ထောင်စုပေါင်း (၄၃၀၆၈)စုကို ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ အိမ်ထောင်စုပေါင်း ထည့်သွင်းပြီးစီးမှုမှာ (၂၃၀၇၀)စု ရှိပြီး၊ ပြီးစီးမှုရာခိုင်နှုန်း (၅၃.၅၆)ရာခိုင်နှုန်း ပြီးစီးကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးဦးအောင်နိုင်ဦးထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ)