သာယာဝတီ စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.မ.က (မူလွန်) သင်္ဃန်းကုန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်ပွဲကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့မှူး ဦးသန်းထိုက်က ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းထိုက်က ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့်ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ၊ ကြက်ခြေနီအသင်း၏ ရှေးဦးပြုစု နည်းစနစ်များကို သင်တန်းသား/သူများအား ဦးစွာရှင်းလင်းပြောကြားပြီး၊ သင်တန်းနည်းပြများက စာတွေ့၊လက်တွေ့နှင့် သရုပ်ပြနည်းတို့ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)