ကျောင်းကုန်းမြို့၌ ဆန်နှင့်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျောင်းကုန်း စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆန်နှင့်စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ‌သည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က ကြက်ဥ(၇)လုံးကို ငွေ(၁၀၀၀)ကျပ်၊ ဆား(၅၀)သားကို ငွေ(၁၀၀)ကျပ်၊ ဆန်(၁)ပြည်ကို ငွေ(၁၅၀၀)ကျပ်တို့ဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးပြီး၊ ကန်စွန်းရွက်၊ ပဲသီးနှင့်ချဉ်ပေါင်ရွက်တို့ကို အခမဲ့ ပေးလှူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)