ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်

ပန်းတောင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထု သိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံက် (၁၀:၀၀)အချိန်က ကြခတ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ပန်းတောင်းတောင်ကုတ် ကားလမ်းမပေါ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်ရေး ပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုမှ ပြည်သူများအား Mask တပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ် ဝင်းလှိုင်တင်၊ ကပစ(၅)မှ ဗိုလ်ကြီးမျိုးသူဌေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူးဦးစိုးသီဟ၊ မြို့နယ်စည်ပင်စျေးတာဝန်ခံ ဦးနေလင်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဒေါ်ဝင်းဖြူစင်အောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးမြင့်စိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေး၊ ကြခတ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးကျော် နှင့်အဖွဲ့ဝင်များ ပူးပေါင်းကာ ကြခတ်ရပ်ကွက်တွင် စုရပ်ပြုလုပ်၍ မြို့တွင်းဖြတ်သန်းသွားလာသော ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ၊ မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများနှင့် ဒေသခံပြည်သူများအား အခမဲ့ Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)