လက်ပံတန်းမြို့၌ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထုတ်ပေး

လက်ပံတန်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးဦးစီးဌာန၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အာမခံအလုပ်သမား (၁၁)ဦးအား ဆေးဖိုးနှင့်ခရီးစရိတ်များအတွက် စုစုပေါင်းငွေကျပ် ၂၈၂၇၅၃၇/- ကို မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)