စလင်း စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသို့ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ လာရောက်လျှောက်ထားလျက်ရှိရာ စလင်းမြို့ မြန်မာ့စာတိုက်လုပ်ငန်းသို့ စက်တင်ဘာ ၆ ရက် နံနက် ၉ နာရီ ၃၀ အချိန်က တက္ကသိုလ်ဘာသာရပ်အသီးသီးအတွက် ကျောင်းသား/ ကျောင်းသူမိဘများ လာရောက်လျှောက်ထားလျက်ရှိသည်။
စလင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ပညာဆက်လက်သင်ယူသင်ကြားမည့် ကျောင်းသား/ သူကလေးများကို စက်တင်ဘာ ၁၇ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ သူများမှလည်း တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ လက်ခံရာနေရာစာတိုက်ရုံးသို့ လျှောက်လွှာများပေးပို့ရာတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူကလေးငယ်များမှ ပျော်ရွှင်ကြည်နူးစွာဖြင့် လာရောက်လျှောက်ထားမှုများကို လက်ခံနိုင်ရန် မြန်မာ့စာတိုက်လုပ်ငန်း ဝန်ထမ်းများမှ တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့ အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့နိုင်ရန် စနစ်တကျ စီစဉ်ဆောင်ရွက်လက်ခံပေးလျှက်ရှိကြောင်းကို မြို့နယ်စာတိုက်မှူးထံမှ သိရသည်။
မောင်လွင်(စလင်း)