ပုလောမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပုလော    စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အထက-ရှပ်ပုံကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အထက- ရှပ်ပုံကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီဝင်းက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ကို သိရှိပြီး ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြာရခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးမှု ပေါ်ပေါက်လာသည့်အကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာများနှင့် ပြစ်မှု ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်း၍ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းနှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့ လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)