ဇလွန် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲတွင် Selection အသင်းနှင့် ပါရမီအသင်း တို့ယှဉ်ပြိုင်ကစားကြရာ Selection အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းနောက် ဒိုင်အဖွဲ့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ပထမဆု ရရှိသော Selection အသင်းအား ငွေသားနှင့်တံခွန်စိုက် ဆုဖလား၊ ဒုတိရဆုရရှိပါရမီအသင်း၊ တတိယဆု ရရှိသော စံပါယ်ဦးအသင်းတို့အား ငွေသားဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဝေယံ- ဇလွန်(ပြန်/ဆက်)