အင်္ဂပူ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အနှေးယာဉ်များယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေ ရေးတို့အတွက် အသိပညာပေးခြင်းနှင့် အနှေးယာဉ်များတွင် ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမျိုးလင်း လမ်းညွှန်မှုဖြင့် ဒုဦးစီးမှူး(အခွန်) ဦးသက်မောင်ဝင်း ဦးဆောင်သော ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး အင်္ဂပူမြို့နယ် အတွင်းရှိ အနှေးယာဉ် ၂၈၄ စီးအား ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ အင်္ဂပူမြို့နယ် အတွင်းရှိ အများပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်၊ အနှေးယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန် ရည်ရွယ်၍ ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အင်္ဂပူမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)