အင်္ဂပူမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းဆင်းပွဲပြုလုပ်

အင်္ဂပူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စု၊ မကျီးကုန်း‌ကျေးရွာ၊ မင်္ဂလာဇေယုံဘုန်းကြီးကျောင်း၌ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ သင်တန်းဆင်းအမှာစကား ပြောကြား ပြီး အင်္ဂပူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်က သင်တန်းတက်‌ရောက်ခြင်း‌ကြောင့် ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များနှင့် ထူးချွန်သင်တန်းသားများအား ဂုဏ်ပြုဆု များ ပေအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲ များ၊ အင်္ဂပူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး  ဦးအောင်ကိုကိုတင်နှင့် ဝန်ထမ်းများ၊‌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ တက်ရောက်ခဲ့‌ကြောင်း နှင့် အင်္ဂပူမြိုနယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား (၃၀)ဦး တက်ရောက်၍ သင်တန်းကာလ (၁၂)ရက်တွင် စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက် ရောက်ခြင်းဖြင့် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်း၊ စက်ကိရိယာများဖြင့် ရာသီချိန်မီထွန်ယက်စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ခြင်းနှင့် အသက်‌မွေးဝမ်းကြောင်း ပညာရပ်တစ်ခုအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမှာ ဖြစ်ကြောင်း အင်္ဂပူမြို့နယ် စက်မှုလယ်ယာစခန်း(ဆွယ်)မှ မြို့နယ်ဦးစီးဌာနမှူး ဦး‌အောင်ကိုကိုတင်ထံမှ သိရ သည်။

မန်းကျော်(ပြန်/ဆက်)