ပန်းတနော် စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှငွ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ရန်ကုန်- ပုသိမ် ကားလမ်းမ မြို့အဝင်တို့တွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်း ပပျောက်စေရေး အတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်များမောင်းနှင်ရာတွင် ခါးပတ် ပတ်ပြီးမောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားခြင်းများမပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာ တွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ လမ်းပြောင်းပြန်မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး ဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)