ပွင့်ဖြူ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စ၊ ထူးကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံဝင်ငွေတိုးပွားစေမည့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ထို့အပြင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် Booster Dose ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ မိမိတို့ရပ်ရွာတွင် ထပ်ဆောင်းကာကွယ်ဆေးမထိုးနှံရသေးသူများရှိပါက အလေးထား ထိုးနှံကြစေလိုကြောင်း၊ ရွေးကောက်ပွဲများကျင်းပရာ၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာပြည်သူလူထုအနေဖြင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးမှာကြားပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ ၊ ကျန်းမာရေးကဏ္ဍ ၊ စိုက်ပျိုးရေးကဏ္ဍ ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ဒေသခံကျေးလက်နေပြည်သူများကို ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကင်းဝေး စေရေး Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ဆေးထိုးနှံပြီး အသိအမှတ်ပြုအထောက်အထားများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)