ကျီခါး စက်တင်ဘာ ၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့ရှိ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းအား မူလတန်းလွန်ကျောင်းအဖြစ် အဆင့်မြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ ၂ နာရီက အဆိုပါ ကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျီခါးမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းအဆင့်မှ မူလတန်းလွန်ကျောင်းအဆင့်သို့ တိုးမြှင့်ခြင်းကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးပေါင်ဂေါ့ထန်၊ ကျီခါးမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် အ.ထ.က ကျီခါးမြို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝုန်လော့ဟောက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျီခါးမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် အ.ထ.က ကျီခါး ကျောင်းအုပ်ဆရာမကြီးတို့က အမှာစကားပြောကြားကြပြီး ကျီခါးမြို့ အမှတ်(၂) ကျောင်းကော်မတီဥက္ကဋ္ဌ ဦးဒမ်ဆွင့်မွမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက်ဒေသခံ ယဉ်ကျေးမှုအဖွဲ့က ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါ ကျီခါးမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းကို ဒေသခံပြည်သူများက ကိုယ့်အားကိုယ်ကိုးအဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အခြေခံပညာမူလတန်းကျောင်းအဖြစ် အသိအမှတ်ပြုခဲ့ကာ ကျောင်းသား လူဦးရေအခြေအနေအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အခြေခံပညာမူလတန်းကျောင်းအဆင့်မှ မူလတန်းလွန်ကျောင်းအဆင့်သို့ တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျီခါး(ပြန်/ဆက် )