သံတောင်ကြီး စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံမှဝန်ထမ်းများ၊ လူနာများ၊ ပရဟိအသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များအား ယမန်နေ့နံနက် (၁၁) နာရီအချိန်တွင် ဘုရင့်နောင်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ခင်မောင်စိုးနှင့်ဇနီးက စားကုန်နှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ဆေးရုံဝန်ထမ်းများအတွက် ကြက်ဥ၊ ဘီစကစ်မုန့်၊ မားမားခေါက်ဆွဲခြောက်များကို ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ဒေါက်တာ ကျော်ကျော်လင်းက လက်ခံရယူခဲ့ပြီး ပရဟိတအသင်းနှင့် ဘာသာရေးအသင်းအဖွဲ့များအား ဆန်နှင့် အခြေခံစားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တပ်နယ်မှူးဗိုလ်မှူးချုပ် ခင်မောင်စိုးနှင့် ဇနီးက သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူသည့် လူနာများအား အလှူငွေနှင့်ကြက်ဥ၊ ဘီစကစ်မုန့်များ ထောက်ပံ့ပေးအပ်ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
နော်နော်မူ