သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ်မှ ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

သံတောင်ကြီး စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် ခင်မောင်စိုး၏ လမ်းညွန်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်   ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဘုရင့်နောင်တပ်နယ်ရှိ တပ်မတော်သားများက သံတောင်ကြီးမြို့အမှတ် () ရပ်ကွက်လမ်းဆုံတွင် ဆန်၊ စားအုန်းဆီ၊ အသားငါးများ၊ ကြက်ဥနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့်  လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  ဆန်နှင့်အအခြေခံစားသောက်ကုန်များအား လာရောက်ရောင်းချရာတွင်  ဆန်တစ်ပြည် လျှင် ကျပ် (၁၀၀၀) နှုန်းဖြင့် လူတစ်ဦးကို ()ပြည်၊ ကြက်ဥ () လုံးလျှင် ကျပ်(၁၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ကြက်သွန်နီတစ်ပိဿာ ကျပ်(၃၄၀၀)၊ ငါးကြင်းတစ် ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ကျပ် (၈၀၀) နှင့် အခြားစားသောက်ကုန်များအား ဈေးနှုန်း ချိုသာစွာဖြင့် လာရောက်ရောင်းချပေးရာ ဒေသခံပြည်သူများက ဝမ်းမြောက်ပျော်ရွှင်စွာဖြင့်  ဝယ်ယူ ကြကြောင်း သိရသည်။

နော်နော်မူ