မိုးညို စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရဲတပ်ဖွဲ့မှ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီက မြို့မရပ်ကွက်ရှိ မြို့ဦးအောင်ဆုပန်စေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့ဦးအောင်ဆုပန်စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းအပြင်သန့်ရှင်းသာယာလှပရေးနှင့် ဘုရားဖူးလာပြည်သူများ၊ ပန်း/ဆီမီး/ရေချမ်းလာရောက်ကပ်လှူပူဇော်သူများ စိတ်ကြည်နူးမှုကိုရရှိပြီး ဖူးမြော်နိုင်ရေးနှင့်တရားအားထုတ်နိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်ကျော်လွင်နှင့် မြို့မရဲစခန်းမှူးဒုတိယရဲမှုးကျော်စိန်ဝင်းတို့ကဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်(၃၅)ဦးက စေတီတော်ရင်ပြင်၊ အရန်စေတီများနှင့်ဓမ္မာရုံတို့အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပရဝုဏ်အတွင်းအပြင်ရှိ မြက်၊ ချုံနွယ်၊ အမှိုက်များကို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းဖြင့် ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုမင်း (ပြန်/ဆက်)