ညောင်တုန်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်အတွင်းရှိ အနှေးယာဥ်လုပ်သားများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် နှေးယာဥ်ဆိုက်ကားဂိတ်များ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အနှေးယာဥ်များအား ရှေ့/နောက် ရောင်ပြန်စတစ်ကာ နမူနာတပ်ဆင်ပေးခြင်းနှင့် တပ်ဆင်အသုံးပြုစေရေး အသိပညာပေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)