ကလေးခရိုင် မင်းကင်းမြို့ တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

မင်းကင်း  စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့  စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်  ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု  CERP အစီအစဉ်အရ  နိုင်ငံတော်မှ မျိုးကွဲပယ်စရိတ်(ဒုတိယအကြိမ်)နှင့် မျိုးသန့် စင်စရိတ်(တတိယအကြိမ်)ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီ  အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ က  တောင်သူများ လက်ဝယ် အရောက်  ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင်  COVID-19 စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မျိုးကောင်း မျိုးသန့် ထုတ်လုပ်ရောင်းချနိုင်ရန်  ရည်ရွယ်၍ ထောက်ပံ့ငွေပေးခြင်းဖြစ်ကြောင်း၊ မျိုးကွဲပယ် ခြင်းနှင့်  မျိုးသန့်စင်ခြင်း စရိတ်များအတွက် တစ်ဧကလျှင် ငွေကျပ်(၆၅၀၀၀)နှုန်းဖြင့်  (၂၆၄) ဧက အတွက် (၁၇ဒဿမ ၁၆)သန်းအား ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီး အရာရှိ ဦးချစ်ကိုကိုထံမှ သိရသည်။

 လှငွေ(မင်းကင်း)