ပန်းတနော်မြို့နယ်၌ မှတ်ပုံတင်အသစ်ပြုလုပ်ရန် လိုအပ်ချက်များကို ဆောင်ရွက်ပေး

ပန်းတနော် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်​ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီက မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ပြည်သူများမဲပေးခွင့်မဆုံးရှုံးရစေရေးအတွက် လဝက ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စက်တင်ဘာလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မှတ်ပုံတင်လာရောက်ပြုလုပ်ပေးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မှတ်ပုံတင်အသစ်ပြုလုပ်လျှင် အိမ်ထောင်စုစာရင်း မိတ္တူ၊ ကြီးကြပ်(၅)ဦးထောက်ခံချက်လက်မှတ်၊ သွေးစစ်မှတ်တမ်း စသည့် တို့ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)