မြို့သစ် စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့၊ သနန်ကျေးရွာတွင် နံနက်ခင်း ဈေးသို့ လာရောက် ကြသည့် ဈေးရောင်းဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကြို တင်ကာကွယ် ရေးအတွက် Mask များပေးဝေခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သနန်ကျေး လက်ကျန်းမာရေးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးအတွက် နှာခေါင်းစည်း Mask များပေး ဝေခြင်းနှင့် အသိပညာပေးခြင်းတွင် ရွေ့လျားဈေးသည်များအား မြန်မာနိုင်ငံ၏ လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေ၊ ကာကွယ်ရန်နည်းလမ်းများနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအားလိုက်နာကြရန်၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေး ဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာ ခြင်းများ အတတ်နိုင်ဆုံးမပြုလုပ်ကြရန်၊ အပြင်မှပြန်လာပါက လက်ကိုဆပ်ပြာနှင့် ဆေးကြော သန့်စင်ရန်၊ Mask များတပ်ဆင်ရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ၆ ပေအကွာနေထိုင်ကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်၊ ဈေးရောင်း ဈေးဝယ်များ မိမိကစ၍ ရောဂါကာကွယ်ရန် အသိပညာပေး၍ နှာခေါင်းစည်းMaskများ ဖြန့်ဝေပေးခဲ့ပြီး ပြည်သူများပူးပေါင်းပါဝင်ကူညီမှုဖြင့် လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိ ပညာပေးနှိုးဆော်ခဲ့ကြောင်း ကျန်းမာရေးမှူး ဦးမျိုးလွင် ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များပေးဝေခြင်းကို သနန် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ကျေးလက်ကျန်းမာရေးဌာနတို့မှ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)