တမူး စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအတွက် သတင်းရယူနိုင်ရန် သတင်းရယူခွင့် သက်သေခံကတ်ပြားများ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လျှောက်ထားရာမှာ သတင်းမီဒီယာသမားများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရဲညွှန်ကြားချက်များနှင့်အညီ သတင်းမီဒီယာအဖွဲ့အစည်းတစ်ခုလျင် (၄)ဦးနုန်း လျှောက်ထားနိုင်ကြောင်း လျှောက်ထားရာတွင် ကိုယ်တိုင်ရေးလျှောက်လွှာနှင့်အတူ လိုင်စင် ဓာတ်ပုံ(၃) ပုံ၊မိမိတို့၏မီဒီယာအဖွဲ့အစည်းရဲ့ ထောက်ခံချက်ပူးတွဲ လျှောက်ထားရမှာဖြစ်ပြီး သတင်း ရယူခွင့်လျှောက်ထားခြင်းကို အောက်တိုဘာလ(၂၃)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း တမူးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲထက်စိုး ထံမှသိရှိရသည်။
တမူးခရိုင်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူ(၇၉၂၅၈)ဦးရှိပြီး မဲရုံအရေအတွက်(၇၂) ရုံလျာထား ထား၍ ဆန္ဒမဲပေးခြင်း လုပ်ငန်း များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)