ရေတာရှည်မြို့နယ်၌ စားသုံးသူရေးရာကာကွယ်​ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရေတာရှည် စက်တင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ​ကျောင်းသား၊ ကျောင်းသူများ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူအခွင့်အ​ရေးများကို သိရှိ​စေရန်ရည်ရွယ်၍ စားသုံးသူရေးရာကာကွယ်​ပေးရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက တောင်နန်ချွန်ကျေးရွာရှိ အ​ခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရေတာရှည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်​ဇော်​ထွေးက အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစားအသောက်များနှင့် ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်သော သီးနှံအန္တရာယ်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစားအစာများစားသုံးရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနစီမံရေးရာဌာနခွဲတာဝန်ခံ ဒေါ်သဲစုလွင်က စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများအစားအစာဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကုန်ညွှန်းအမှတ်အသားမပါဝင်သော အစားအစာများ၊ ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူနစ်နာမှုမရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)