ပေါင်းတည် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီခွဲအချိန် က အဆိုပါ ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသန့် က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အစည်းအဝေးတွင်မှာကြားချက်များဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဌာနများမှ မိမိတို့ Page တွင် သတင်းတင်ရန်နှင့် နေ့စဉ်သတင်းစာ MRTV သတင်းပါရှိရေး ဆောင်ရွက်ကြရန်၊ စက်မှုလယ်ယာနှင့်ပတ်သက်၍ စနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်း ကိစ္စဆောင်ရွက်ရန်၊ နွားမွေးမြူရေးအတွက် နေဗီယာမြက်ကို တောင်သူများစိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရန်၊ သ/မချေးငွေးဖြင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန်၊ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ထားရန်၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ပထမအကြိမ် Booster Dose ထိုးပြီး ၆လကျော် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု Second Booster Dose ထိုးနှံကြရန်၊ တစ်ဦးချင်း လုံခြုံရေးဂရုစိုက်ရန်၊ ရုံးတိုင်းသန့်ရှင်းရေး ၂ပတ် တစ်ကြိမ်ပြုလုပ်ရန်၊ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကြောင်း ၅ ကြောင်းနှင့် ဆောင်ရွက်ရန်၊ ကွင်းဆင်းရာတွင် ပြည်သူများတင်ပြချက်အား ဆက်လက်တင်ပြရန်၊ ပြည်သူလိုအပ်ချက်များတင်ပြရန်၊ ဟောပြောပွဲထက် သရုပ်ပြပွဲများကို ပိုမိုဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအလိုက် ပြင်ဆင်ရန်ကိစ္စများရှိပါက မိမိတို့ဌာနကို တင်ပြရန်နှင့် သီးနှံအထွက်တိုးစေရေး ကြပ်မတ်ဆောင်ရွက်ရန်တို့ကို ထပ်ဆင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ ဌာနလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)