အုတ်တွင်း စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန် က အခြေခံပညာအလယ်တန်းကျောင်းခွဲ စျေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေး ပြုလုပ်ခြင်းဆင့်ပွားသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ချို က ယာဉ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆင့်ပွားသင်တန်းပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထို့နောက်သင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ အုတ်တွင်းမြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပဲခူးလမ်း၊ ကြက်သွန်ခင်း(၂)၊ စျေးကျောင်းမှအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး၊ လေ့လာသူ (၈)ဦး၊ စုစုပေါင်း (၃၈)ဦးတက်ရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ယာဉ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း ဆောင်ရန်၊ ရှောင်ရန်အချက်များကို သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)