ပုသိမ် စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့မှ ပုသိမ်မြို့အတွင်း ပိတ်ဆို့နေသော ရေမြောင်းများအား ပြန်လည်တူးခြင်းဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့၊ ရေစီးရေလာ ကောင်းမွန် စေရေးအတွက် ရေနှုတ်မြောင်းများနှင့် အဓိကရေထွက်ချောင်းမကြီးများအား (၃၁.၈.၂၀၂၂) ရက်နေ့အထိ စက်အားဖြင့် ၁၅၆၆၀ ပေနှင့် လူအားဖြင့် ၄၆၈၄၀ ပေ၊ စုစုပေါင်း ၆၂၅၀၀ ပေ တူးဖော် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ (၂၁)သန်းခန့် အကုန်အကျခံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၊ ရှင်ပင်ဘုန်းပွင့်လမ်း တက်ဆိပ်တံတားမှ ရထားသံလမ်းထိ တက်ဆိပ်ချောင်းတူးဖော်ခြင်းကို သြဂုတ်လ (၂၇)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့ထိ တူးဖော်ဆောင်ရွက်ခဲ့ပြီး တက်ဆိပ်ချောင်း အတွင်း တူးဖော်ခဲ့သည့် ပေ ၁၃၀၀ ပေဖြစ်ကာ၊ Amphibious Excavator နှင့် လူအင်အား ၃၀ ခန့်ဖြင့် ဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
မြင့်ဟန်