ကျုံပျော်တွင် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေး

ကျုံပျော် စက်တင်ဘာ ၂

ပြည်သူများ ဥပဒေဘောင်အတွင်း အေးချမ်းလုံခြုံစွာ နေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်‌ရေးဆောင်ရွက်နိုင်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ကျုံပျော်မြို့နယ်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပွဲကို ဆင်ခေါင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ဩဂုတ် ၃၁ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆွေးနွေးရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်း ဦးဆောင်သည့် တာဝန် ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးနှင့်  နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊  ဥပဒေဘောင်အတွင်း နေထိုင်ရေး၊ နယ်မြေလုံခြုံရေး ဝိုင်းဝန်းဆောင်ရွက်ရေး တို့ကို ရှင်းလင်းသည်။

ထို့နောက် ပြည်သူများအနေဖြင့် တစ်ဦးတစ်ယောက်ချင်းစီက စည်းလုံးမှသာ မိမိရပ်ရွာ အေးချမ်းမည်ဖြစ် ကြောင်း၊ ထိုသို့ အေးချမ်းမှသာ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ဥပဒေဘောင်အတွင်း နေထိုင်မှုမရှိပါက ဥပဒေကြောင်းအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)