မြန်အောင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ ဖွဲ့စည်းပုံပြန်လည်ဖွဲ့စည်းရန်နှင့် သင်တန်းများဖွင့်လှစ်ပေးနိုင်ရေးဆွေးနွေး

ကြံခင်း စက်တင်ဘာ  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန်နှင့် ကြက်ခြေနီသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးဆွေးနွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ မြတ်ဒါန စေတနာဆေးခန်း အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်အောင်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမိုးမြင့်ခိုင်မှ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၏ ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန်နှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူ့အကျိုးပြု ကြက်ခြေနီသင်တန်း ဖွင့်လှစ်ပေးနိုင်ရေး အား ဆွေးနွေးပြောကြားသည်။

ထိုနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းမှ ကြံခင်းမြို့နယ်အတွင်း သင်တန်းဖွင့်လှစ်မည့် အကြိမ်အရေအတွက်နှင့် စာသင်ကျောင်း(၁၀)ကျောင်းအား ရွေးချယ်ဆောင်ရွက် မည့်အချက်များကို တင်ပြ ဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက သင်တန်းဖွင့်လှစ် ရန် ဆောင်ရွက်ရမည့် အချက်များအား  ပူးပေါင်းဆွေးနွေး တင်ပြကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)