ရွှေသောင်ယံ အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ နံနက်(၉)နာရီက အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံရာတွင် ရပ်ကွက် (၁၊ ၂၊ ၃) ရှိ ကလေးငယ်များ လာရောက်ထိုးနှံကြရာ ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲရှိ ဆရာမမို့မို့ဝင်းမှ ထိုးနှံပေးခဲ့သည်။
ထို့နောက်ဆေးထိုး၊ ဆေးတိုက်ပြီး ကလေးငယ်များအား ဆေးခန်းတွင် နာရီဝက်နာနေပြီးမှ ပြန်ကြရန်နှင့် နောင်ဆေးခန်းသို့ လာရောက်ပါက ကိုဗစ်ကာကွယ်ရေးအတွက် (Mask) များကို တပ်ဆင်လာကြရန် ကလေး မိဘများအား မှာကြားခဲ့သည်။
ရွှေသောင်ယံ(ပြန်/ဆက်)