ညောင်တုန်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှု လျာထား ချက်ပြည့်မီရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ညှိနှိုင်းဆွေးပွဲတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး က မြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှု လျာထားချက်ပြည့်မီရေးအတွက် တောင်သူများအား အသိပညာပေးစည်းရုံးဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများနှင့် သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ဆိုင်ရာများ စသည့် စိုက်ပျိုးမှုအတွက် လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြား ခဲ့ပြီး မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြိုနယ်(ပြန်/ဆက်)