ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်‌ရေး ဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်

ဝါးခယ်မ စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအား ဆန်၊ ဆီနှင့် ကြက်ဥများကို ယနေ့မွန်းလွဲ ၃ နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထွေထွေအုပ်ချုပ်‌ရေးဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ယခုလိုခက်ခဲသောကာလအတွင်း ဆန်၊ ဆီနှင့် ကြက်ဥများကို အထောက်အပံ့ရရှိခြင်းသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်ရခြင်း ဖြစ်ကြောင်း၊ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အချင်းချင်းညှိနှိုင်းဆောင်ရွက်ရန်နှင့် လုံခြုံလေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့မှ ဝန်ထမ်းတစ်ဦးလျှင် ဆန်(၄)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ဆီ ၅၀ ကျပ်သား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)