ကျောင်းကျန်းမာရေးစစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သရက် စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီးသရက်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သရက်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း အသီးသီးမှ ဆရာ/ဆရာမများအား ကျောင်းကျန်းမာရေး စစ်ဆေးမှုကတ် အသုံးပြုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံ ပညာအထက်တန်း ကျောင်းစိန်ရတုခန်းမ၌ကျင်းပခဲရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၁၄၄) ဦး တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး ခရိုင်ဆရာဝန်ကြီးက ကျောင်းကျန်းမာရေး ရက်သတ္တပတ် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ကျောင်းအခြေပြုလုပ်ငန်း အခြေပြု (၆)ချက်နှင့် ပတ်သက်၍ ပြောကြားပေးခဲ့သည်။

ထို့နောက် ခရိုင်ပညာရေးမှူးက ဆရာ/ဆရာမများအနေဖြင့် ယခုသင်တန်းက ပို့ချပေးမည့် ဘာသာရပ်များကို လေ့လားမှတ်သား၍ မိမိကျောင်းတွင် ဆရာ/ဆရာများအား ပြန်လည်ဆွေးနွေး စေလိုကြောင်း ပြောကြားပေးခဲ့သည်။ ယင်းနောက် သင်တန်းဆက်လက် ပို့ချရာတွင် ကျန်းမာရေးမှူး အဆင့်(၁) ဦးအောင်ဝင်းနှင့် လက်ထောက်မြို့နယ် ပညာရေးမှူး ဒေါ်ခင်မျိုးဝေတို့က သင်တန်းသား/ သင်တန်းသူ ဆရာ/ဆရာမ (၁၄၄)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)