ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက် ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်

ပိုင်ကျုံ  စက်တင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ (၃) လပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း လုပ်ငန်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးက MCCT အကျိုးခံစားခွင့်ရှိသူများအနေဖြင့် သတ်မှတ်ချက်နှင့်အညီ အချက်အလက်များကို ဖြည့်သွင်း ကြရန်၊ မိမိကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များအနေဖြင့် ထောက်ပံ့ ငွေများရရှိရေးအတွက် တင်ပြတောင်းခံကြရန်၊ MCCT အကျိုးခံစားခွင့်ရရှိရေးအတွက် လိုအပ်သောထောက်ခံချက်များကို ပြည့်စုံစွာဆောင်ရွက်ကြရန်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များအနေဖြင့် ရရှိသောထောက်ပံ့ငွေများအား လက်ဝယ်အရောက်ပေးအပ် သွားရန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပိုင်ကျုံမြို့တွင် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် MCCT အကျိုးခံစားခွင့်ရှိသော ကိုယ်ဝန်ဆောင်မိခင် (၆၀၃) ဦး၊ ကလေး (၂၅၆၄) ဦး စုစုပေါင်း (၃၁၆၇) ဦး အတွက်ထောက်ပံ့ငွေ (၁၃၃,၈၃၅,၀၀၀) ကျပ်ကို ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)