မြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

မြိုင် စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ခြင်ကြောင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ညွှန်ကြားချက်၊ ကြိုတင်ကာကွယ်ရေး ရည်ရွယ်ချက်များနှင့်အညီ ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါက်တာဟိန်းသီရိနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုံခြုံရေးအဖွဲ့တို့ ပူးပေါင်း၍ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ၊ အလက(ခွဲ) မြို့မ(၃) ကျောင်းနှင့် အမက (၂) ကျောင်းတို့တွင် စာသင်ခန်းများ၊ ကျောင်းဝန်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင် တားဆီးကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရိန်