ကျောက်ကြီးမြို့၌ ဗျူဟာလမ်း (မြောက်ဘက်ခြမ်း) ရှိ အုတ်ရေမြောင်းပြုလုပ်

ကျောက်ကြီး စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက်၌ မိုးရာသီတွင် ရေစီးရေလာကောင်းမွန်စေရန်အတွက် ဗျူဟာလမ်း(မြောက်ဘက်ခြမ်း)ရှိ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အုတ်ရေမြောင်းအား ယနေ့နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကျောက်ကြီးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၉၉၀၀၀၀၀) သိန်းဖြင့် အလျားပေ (၄၇၅)၊ အနံ (၂)​ပေ၊ အမြင့် (၃)ပေ အုတ်ရေမြောင်း လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး၊  လုပ်ငန်းအား ၂၀၂၃ ခုနှစ် မတ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)