စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

စလင်း  စက်တင်ဘာ  ၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တွေဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီ ၄၅ မိနစ် အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ စည်သူဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်က ရပ်ကွက်ကျေးရွာများအလိုက် မဲစာရင်းများမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ရပ်ကွက်၊ ကျေးရွာများတွင် သက်ဆိုင်ရာ စာရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ထွေးက ရှေ့ပြေးစီမံချက်အရပြုစုသည့် လူဦးရေမဲစာရင်းတွင် မထည့်သွင်းဘဲစာရင်းမှပယ်ဖျက်သည့် လူဦးရေနှင့် လဝကပုံစံ (၆၆/၆) ရှိ မြေပြင်နေထိုင်မှုမရှိသူ၊ သေဆုံးသူဦးရေစသည့် အချက်များကို စုံလင်စွာ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးမှ ထပ်ဆင့်၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသည့်စာရေးဝန်ထမ်းများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးမေးမြန်းချက်များကို ဦးတင်အေးမှ ပြန်လည်ဖြေကြားခဲ့ပြီးနောက် မြေပြင်တွင်နေထိုင်သည့် ဦးရေစာရင်းမှ  အိမ်ထောင်စုဇယား (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့်တာဝန်ခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွင် အဖွဲ့ခွဲရုံးသို့ လစဉ်ပေးပို့သွားရမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မြို့နယ်ထွေအုပ်နှင့် မြို့နယ်လဝကတို့မှရရှိသည့် စာရင်းများအား ညွှန်ကြားချက်နှင့်အညီ စနစ်တကျစာရင်းသွင်း၍ လစဉ် Update ပြုလုပ်ခြင်း၊ သတ်မှတ်ပုံစံများတွင် စာရင်းပြုစု၍ ခရိုင်ကော်မတီခွဲမှ တိုင်းကော်ခွဲသို့လည်းကောင်း တိုင်းကော်မတီခွဲမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့လည်းကောင်း စာရင်းပြုစု၍လစဉ် ၂၉ ရက်နေ့အရောက် ပေးပို့သွားရမည်ဖြစ်ကြောင်း သိရသည်။

မောင်လွင်(စလင်း)