ဘုတ်ပြင်း စက်တင်ဘာ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာ ရေးဌာတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အမက-ရွှေဘုံသာကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အမက-ရွှေဘုံသာကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီခိုင်မှ ကျောင်းသားကျောင်းသူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာများကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြာရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ လူကုန်ကူးမှုရဲ့အဓိပ္ပါယ်၊လူကုန်ကူးမှုများပေါ်ပေါက်လာသည့်အကြောင်းအရာများ၊ လူကုန် ကူးခံရခြင်းကြောင့်ရရှိသောဆိုးကျိုးများနှင့် ရှောင်ရန်ဆောင်ရန်များ၊ လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သန်းဆင့်တို့က အသီးသီးဟော ပြောခဲ့ကြ သည်။
လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စား စွာ လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)