မြောင် စက်တင်ဘာ ၁
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီက လူငယ် အသိပညာပေး Talk Show" ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက လူငယ်အသိပညာပေး Talk Show ပြုလုပ် ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားရာတွင် ''ယနေ့လူငယ်များအနေဖြင့် နောင်အချိန်တွင် တိုင်းပြည်တာဝန်များကို ဧကန်မလွဲ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်၊ ဒါ့ကြောင့် အတွေးအမြင်အယူအဆ လွဲမှားမှုမရှိစေရန် အထူးအရေးကြီးပါတယ်၊ အတတ်ပညာ အတန်းပညာသာမက အသိပညာဗဟုသုတရှိဖို့လဲ လိုအပ်ပါတယ်၊ အကျိုးရှိစေမည့် စာအုပ်စာပေများ ဖတ်မှတ်ထားဖို့ လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မီမီကျော်က လူငယ်အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေး ဆရာများနှင့် စာပေချစ်သူများတို့ဖြင့် ပူးပေါင်းကာ(Talk Show)ဆွေးနွေးပွဲများ ပြုလုပ် ဆောင်ရွက်လျှက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲများကိုလည်း အစဉ်ဆက်မပြက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)